မြေးတွေနဲ့မပျော်တော့ပါ
မြေးငယ်လေးမနက်ကျောင်းပို့ရရင်စိ တ်မှာမချမ်းသာဘူး။မနက် ၇:၄၅ ဆိုရင်အမေလုပ်သူကအတင်းအော်နှိုး ခလေးခမျာမှာအိပ်ချင်မူးတူးဖြင့် ထရ--မျက်နှာသစ်ရ--နဲ့သူ့မျက်နှာလေးကြည့်ရတာ သနားစရာလေး--မျက်ချေးလေးသုတ်လို့ အဖိုးအခန်းထဲရောက်လာ--အအိပ်နှပ် ချိန်တောင်မရ--ထထဆိုတော့အတင်းထရ တယ်။ ဘိနပ်အတင်းစီးခိုင်းတယ်။ အေးမော်ရှိစဉ်ကတော့ ၈:၃၀ လောက်မှထရတယ်၊ ချိုချိုသာသာလေးပြောဆိုမျက်နှာသ စ်သွားတိုက်ပေးတယ်။သူ့ချစ်တဲ့သူ ဆိုတော့ဂျီတိုက်တယ်။ ကျောင်းကိုတော့အဖိုးနဲ့တူတူကောင်းကောင်းသွားပါတယ်။အေးမော်အထိန်း ကတော့ခလေးကို မွေးကတည်းကသူ့လက်ပေါ်မှာ ကြီးလာတာဖြစ်လို့ အရမ်းဂရုစိုက်တာတွေ့ ရပါတယ်။
အဖိုးကနောက်ကလိုက်ရတယ်၊ အဖိုးကမြန်မြန်မလျှောက်နိုင်ဘူး ။အမေဆွဲခေါ်တာပါသွားတဲ့ မြေးငယ်ကလှည့်ကြည့်လှည့်ကြည့်နဲ့ ပေါ့။အခုမြေးငယ်ခမျာ အမေကသူ့လက်ကိုအတင်းဆွဲ-- ဖင်လေးလိမ်ကျစ်လိမ် ကျစ်နဲ့ ပါသွားရှာတယ်။သူ့အမေ ခေါင်းထဲမှာ သူ့အလုပ်ပဲလေ၊ ရှားရှားပါးပါး ကုမ္ပဏီအကြီးကြီးမှာရထားတာ၊ ခလေး ၂ ယောက်ဘယ်လိုနေနေ အဖေဘယ်လိုနေနေ သူ့ခေါင်းထဲမှာ မရှိဘူး။အလုပ်မှာနောက်ကျမှာစိုး လို့ ရထား ကြပ်မှာစိုးလို့--
အိမ်အကူ ခေါ်ပါဆိုလဲ သူတို့ ၂ ယောက်လုံးကမခေါ်ချင်-- လူမှုရေးရှုပ်တယ်။ ပိုက်ဆံကုန်တယ်။အိမ်ကိုလည်းကြည့်လိုက်ပါ၊ ရှုပ်ပွနေတာပဲ။အိမ်အလုပ်ဆိုတာက မိသားစုအတွက်ထမင်းဟင်းချက်ရမယ်၊ ဒါကလည်းအပြင်ကဝယ်စားတာ ၁ ပတ်မှာ ၂-၃ ရက်လောက်ရှိပါတယ်။ဟင်းချက်စရာ ဆန်ဆီ တိုလီမိုလီတွေ ဈေးဝယ်ရမယ်။ခလေး ၂ ယောက်ကယောက်ျားလေး--အရုပ်တွေနဲ့ေ ဆာ့ထားလိုက်တာ တအိမ်လုံးရှုပ်ပွနေတတ်ပါတယ်။ အေးမော်ရှိစဉ်ကခလေးတွေမရှိချိန် မှာ ဆော့တဲ့အရုပ်တွေသိမ်းဆည်းစနစ်တကျ နေရာတကျပြန်ထားတတ်ပါတယ်။အေးမော် ရှိစဉ်ကအိမ်သန့်ရှင်းရေးက ကြာသပတေးနေ့တိုင်းလုပ်ပါတယ်။အလု ပ်များနေလို့မလုပ်ဖြစ်သေးရင်ပါး စပ်ကတဖွဖွနဲ့ ပြောနေတတ်ပါတယ်။အိမ်သန့်ရှင်းရေးမပြီးရင်အပြောခံရမှာစိုးရိမ်လို့ ပါ။အလုပ်တာဝန်ကျေတတ်သူကအပြော မခံချင်ပါဘူး။အခုတော့ ယောက်ျားကရုံးမောမောပန်းပန်းနြဲ့ ပန်လာရင်တအိမ်လုံးကိုသန့်ရှင်းေ ရးကျုံးလုပ်ပါတယ်။ အိမ်သန့်ရှင်းရေးအလုပ်ဟာတော်တော်ကိုပင်ပမ်းတဲ့အလုပ်ပါ။ လုပ်နေတုံးမှာ အဝတ်တွေအဝတ်လျှော်စက်ထဲထည့်လျှော်ပါတယ်။ တန်းနဲ့ထုတ်နေလှန်းထားတဲ့အဝတ်တြွေေ ခာက်ရင်လည်း ရုတ်ပါသေးတယ်။နေ့တိုင်းရုံးကပြန် လာရင်အဝတ်မီးပူတိုက်ပါတယ်။မိန်း မဖြစ်သူကမီးပူကိုရုံးပိတ်ရက်မှာ ကူတိုက်ပေးပါတယ်။ခလေး ၂ ယောက်ကိုထမင်းကျွေးရပါတယ်။ ကျောင်းကပြန်လာလာချင်းအငယ်က မံမံစားဆိုပြီးအော်တတ်ပါတယ်။သူ့ ကိုခူးခပ် ပြင်ဆင်ထမင်းကျွေးရပါတယ်။P3 ရောက်နေတဲ့အကြီးကောင်ကိုလည်းစာသ င်ရပါတယ်။အဖေဖြစ်သူပဲသင်တာများပါတယ်။အကြီးကိုစာသင်ရင်အငယ်ကဂျီကျ တတ်ပါတယ်။သူကဂဏန်းသင်္ချာကိုသင်ချ င်ပါတယ်။နောက် ညဥ့်တိုင်းလိုလိုပါပဲခလေး ၂ ယောက် ကို ကစားကွင်းပို့ရ အိုက်စကရင်ကျွေးရပါတယ်။ဒါလည်းအေ ဖဖြစ်သူကလုပ်ရပါတယ်။သူတို့ကိုကြ ည့်ပြီးတော်တော်ရင်မောပါတယ်။ ကိုယ်လည်းလုပ်မပေးနိုင်ပါ။
မြေးကြီးကတော့ကံကောင်းပါတယ်။အဖေ လုပ်သူကစနစ်တကျ နံနက်စာပြင်ကျွေးပါတယ်။မျက်နှာသ စ်သွားတိုက် ကျောင်းဝတ်စုံလဲပေးပါတယ်။ အမေလုပ်သူကအကြီးကောင်ကို မကြည်ပါ။ ချစ်တော့ချစ်ပါတယ်။ အမြဲတန်းလိုလိုအော်ဟစ်ဆူငေါက်နေ ၍ ဘေးကကြားရတဲ့သူစိတ်မချမ်းသာပါ။ မြေးအကြီးက hyper-active child ပါ။ အငြိမ်မနေနိုင်ပါ။ ကိုယ်ခန္ဓာက တောင့်တောင့်မနေတတ်ပါ။ အမြဲတန်းအမှီမှာ မှီနေတတ်ပါတယ်။ စာတော့တော်ပြီး ဉာဏ်ကောင်းသော်လည်း ပျင်းပါတယ်။ ခလေးကိုလည်း outstanding ဖြစ်စေချင်သော်လည်းအဆုံးအမ မတတ်တာကြောင့် ဆိုးသွားမှာကို စိုးရိမ်ပါတယ်။
အဖိုးဖြစ်သူကျနော်လည်းစင်ကာပူမှာ တစ်ရက်မှမနေချင်တော့ပါ။ ၄၄၉ #၀၃-၂၂၅ မှာလည်းတစ်ရက်မှမနေချင်တော့ပါ။အိမ်ကသူတို့ အတွက် ကံကောင်းနေပေမဲ့ အေးမော် နဲ့ ကျနော် အတွက်ကံနိမ့်နေပါတယ်။ အေးမော်ဆေးရုံမတက်ခင်ကတည်းက ပြောကြမိပါတယ်။ ကျနော်တို့ ၂ ယောက်လုံးကံနိမ့်နေလားမသိပါ။ ဖြစ်တဲ့ရောဂါတောင်တူပါတယ်။ တချိန်တည်းလည်းဖြစ်တတ်ပါတယ်။ကံမေ ကာင်းအကြောင်းမလှစွာနဲ့ အေးမော်ဆေးရုံတက်ခွဲစိပ်ရပါတယ်။ ကံကောင်းလို့ ကျနော် ပဌါန်းကိုမပြတ်ရွတ်နေလို့ မသေခဲ့ပါ။ ကျနော်ကငွေကုန်ခဲ့ပါတယ်။ သူကတော့သေကောင်းပေါင်းလဲခံ လိုက်ရပါတယ်။ စင်ကာပူပြန်လာဖို့ဆိုတာ အေးမော် အကြောက်ကြီးကြောက်သွားပါပြီ။ အေးမော် ကိုစိုက်ထုတ်ကျခံ ကုပေးခဲ့ လို့သမီးဖြစ်သူကပေးစားခဲ့ပါတယ်။ ဒီအကြောင်းတွေကို ပိုစ့်မှာတင်ပြီးသွားပါပြီ။ မြေးတွေကိုချစ်သော်လည်း ဒီမှာ ကျနော်မနေချင်တော့ ပါ။အေးမော်ပြီးရင် ကျနော့်အလှည့်လာပါတော့မယ်။ Long term pass စောင့်နေတာပါ။ ရတာနဲ့ မြန်မာပြည်ပြန်ပါမယ်။ မြေးတွေကိုအဝေးကနေပဲချစ်ပါတော့တယ်။ ကိုယ်ဝမ်းနာ ကိုယ်သာသိပါ။ ၂၀၁၂ ထဲက ၆-၇ နှစ်လောက် စင်ကာပူမှာ အချိန်လာဖြုန်းနေသလိုပါ။ မြန်မာပြည်ကအခွင့်အရေးတွေအကုန်လွ တ်ကုန်ပါတယ်။ အပေါ်ရံကြည့်ရင်တော့ အဖေကိုစင်ကာပူခေါ်ထားတယ်။ကျွေးထားတယ်။အမှန်တော့အဖေကမြေးတွေကိုကြ ည့်ရှုစောင့်ရှောက်နေရတာကိုလိုချ င်တာ။ အရင်ကအေးမော်ရှိနေတော့ ၂ ယောက်တူတူဝိုင်းလုပ်ပဲ။အခုထမင်းချက်ဖို့နေနေသာသာ တနေ့က ဆေးဖေါ်တာ တစ်နေကုန်အားနည်းနေတယ်။ မလုပ်နိုင်တော့ဘူး။ အမှန်တော့ အဖေအတွက် maid တောင်ထားပေးရမှာ။
အဖိုးကနောက်ကလိုက်ရတယ်၊ အဖိုးကမြန်မြန်မလျှောက်နိုင်ဘူး
အိမ်အကူ ခေါ်ပါဆိုလဲ သူတို့ ၂ ယောက်လုံးကမခေါ်ချင်-- လူမှုရေးရှုပ်တယ်။ ပိုက်ဆံကုန်တယ်။အိမ်ကိုလည်းကြည့်လိုက်ပါ၊ ရှုပ်ပွနေတာပဲ။အိမ်အလုပ်ဆိုတာက မိသားစုအတွက်ထမင်းဟင်းချက်ရမယ်၊ ဒါကလည်းအပြင်ကဝယ်စားတာ ၁ ပတ်မှာ ၂-၃ ရက်လောက်ရှိပါတယ်။ဟင်းချက်စရာ ဆန်ဆီ တိုလီမိုလီတွေ ဈေးဝယ်ရမယ်။ခလေး ၂ ယောက်ကယောက်ျားလေး--အရုပ်တွေနဲ့ေ
မြေးကြီးကတော့ကံကောင်းပါတယ်။အဖေ
အဖိုးဖြစ်သူကျနော်လည်းစင်ကာပူမှ
Comments
Post a Comment