စိတ်လက်မချမ်းသာပါ

သူတို့တတွေရုံးကပြန်လာရင်ကြည့်ရတာစိတ်မချမ်းသာပါ။ တစ်ယောက်ကငွေကုန်မှာစိုးရိမ်တယ်။တစ်ယောက်က maid ဆိုရင်လူအချင်းချင်းအထင်သေးတယ်။ ကိုယ့်လင်ကိုလုမဲ့ မိန်းမလို့သဘောထားတယ်။ ဘယ်လောက်ပင်ပမ်းပင်ပမ်း maid မထားဘူး  တဲ့။ကိုယ်တိုင်လုပ်မယ်ဆိုတဲ့သဘောထားတယ်။ ဘေးကနေမနေသာတဲ့အဖေ ကအိမ်မှုကိစ္စ ခလေးကိစ္စ ဝင်ဝင်လုပ်ပေးရတာတောင်အတော်ကိုမောပါတယ်။ အဖေ စင်ကာပူမှာ ဒီအိမ်မှာ လုံးဝ မနေချင်တော့ပါဘူး။မြေး ၂ ယောက်လုံးကလည်းမျောက်ရှုံးအောင်ဆော့တယ်။ချစ်စရာအပြုအမူလေးတွေ လုပ်နေကြပေမဲ့ အဖိုးလုပ်သူမကျန်းမာတော့ စိတ်မဝင်စားနိုင်ဘူးဖြစ်နေတယ်။တစ်ယောက်နဲ့တစ်ယောက်တွက်ကပ်သံတွေကြားနေရတော့ပိုစိတ်မချမ်းသာရပါ၊ အေးမော်ရှိစဉ်ကပြန်လာရင်ဟင်းကနွှေးပြီးအဆင်သင့်စားယုံပဲ။အိမ်တွင်းမှာလည်းသန့်ရှင်းနေတာပဲ။ပစ္စည်းတွေသူနေရာနဲ့သူစနစ်တကျပဲ။ ဒါတောင်ပန်းကန်ပြောင်အောင်မဆေးဘူးလို့ ဒေါ်ကြီးကျွဲကိုသွားပြောသေးတယ်။အေးမော်ဟာ မနက် ၇ နာရီလောက်ကနေ ညဥ့် ၁၀-၁၁ နာရီလောက်မှ နားရတာ အဖေ နေ့တိုင်းတွေ့နေတာပါ။သူတို့စိတ်ကြိုက် maid ငှားမယ်ဆိုရင်တောင်အေးမော်လောက်ကောင်းတဲ့ maid မဖြစ်နိုင်ပါ။ တနင်္ဂနွေ နားရက် လုံးဝမရပါ။အခုmaid မရှိတော့ မီးဖိုခန်းထဲက လက်သုတ်ပုဝါတွေ စုတ်ပြတ်မဲညစ်နေတာပဲ။ သူဟာသူတော့ပန်းကန်တွေဆေးပါရဲ့ အလုပ်ကမောမော နဲ ပြန်လာ-- ခလေးတွေက မျောက်ရှုံးအောင်ဆော့တဲ့အခါ ဆူညံတဲ့အခါ ဝမ်းခေါင်းသံကြီးနဲ့ ခလေးတွေ အော် ညနေခင်းဟာ မိသားစုပျော်ပျော်ရွှင်ရွှင် environment မျိုးမရှိ ပါ။ အိမ်မီးဖိုခန်းမှာ လက်သုတ်ပုဝါတွေကနေဘက်တီးရီးယားတွေ ဘယ်လောက်များလိုက်မလဲ?

ငါ့မှာလည်းလုပ်စရာက ၃မျိုး - လောက်ကျန်နေသေးတယ်။ (၁) က Long term pass က ၉-၀၂-၂၀၁၉ မှာစေ့မယ်။ ဘယ်တော့လောက်မှ approve ဖြစ်ပြီးပြီးပြတ်မလဲ မသိဘူး?  (၂) MacBook Pro က power အဝင်ပျက်နေတာကို Apple Centre မှာ သွားပြင်ဖို့ရှိတယ်။ရန်ကုန်မှာပြင်နိုင်တဲ့ဆိုင်မရှိဘူး။ဒီကပြင်သွားမှဖြစ်မယ်။ (၃) Keat Hong Family Medicine Clinic မှာဆေးစစ်ဖို့ ရက်ချိန်းကဖေဖေါ်ဝါရီလ ၈ ရက်နေ့ရက်ချိန်းဆေးတွေပါဝယ်ရမယ်။ ဒီ ၃ ခုလုပ်ပြီးရင် မကျွဲဆီလှမ်းစာရေး ခွင့်တောင်းပြီးပြန်ရမယ်။ မြေးတွေနဲ့ ခွဲရမှာတော့ မတတ်နိုင်ဘူး။ မြေးငယ်က အေးမော် မရှိတော့ အဖိုးကိုအတော်ကပ်လာပေမဲ့ မတတ်နိုင်ဘူး။ သူတို့ က အဖေမရှိလည်းဖြစ်ပါတယ်ဆိုထားတာကိုး။

ကျော်စွာမင်းမြင့်တို့မိသားစုကိုလေ့လာကြည့်တော့ မိန်းမ ဘက်က၃ လလောက် လာနေလိုက် ယောက်ျားဖက်က ၃ လလောက်လာနေလိုက်နဲ့ သူတို့ ခလေးအတွက်အဆင်ပြေတယ်။ငါ့ဖက်မှာက ဝမ်းကွဲညီမတွေဆိုတာမရှိသလောက်ပဲ။ နောက် မွန်မွန် ရဲ့ ဆိုးဝါးသောလူမှုဆက်ဆံရေးကြောင့် နှစ်ဖက်အမျိုးတွေ လာနေဖို့ ဆိုတာမဖြစ်နိုင်ပါ။ စလုံးမှာ အိမ်ခန်း ၃-၄ခန်းပါတဲ့ အိမ်ကိုငှား  လူလွတ် ၂ ယောက်လောက်အိမ်ပေါ်တင်ထားရင်အနည်းဆုံးဈေးဘိုးတော့ကာမိနိုင်ပေမဲ့ မွန်မွန် ရဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းမှုကြောင့်ဘယ်လိုမှအကောင်အထည်ဖေါ်၍မရနိုင်ပါ။စိုးမိုး ဘက်ကတူမတွေလာနေဖို့ ဆိုတာလည်းမွန်မွန်ရဲ့တကိုယ်ကောင်းဆန်ပြီး လူလူချင်းအထင်သေးတတ်တဲ့စိတ်ထားကြောင့် ဘယ်လိုမှအဆင်မပြေနိုင်ပါ။အဲတော့ အားလုံးထဲမှာ ဒီအဖေ ပဲအဆင်ပြေနိုင်တော့ အဖေ ကိုပဲခေါ်ထားတယ်။မြေးတွေနဲ့ ထိန်းရင်းအဖေ ကိုပြုစုစောင့်ရှောက်ထားတယ် ဆိုတဲ့အပေါ်ရံအမြင်ကောင်းလေးပဲရှိတယ်။ အဖေစလုံးမှာ လာနေတဲ့ အတွက်အခွင့်အရေးတွေအများကြီးဆုံးရှုံးခဲ့တာ မသိကြဘူး။ကိုယ့်မှာအိမ်နဲ့ယာနဲ့ နေဖို့ ကိုယ့် ပိုင်အိမ်မှာ ခေါင်းချနိုင်ဖို့မနည်းလုပ်ရအုံးမယ်။ အေးမော်နဲ့ သမုတ်ပြီး အေးမော် ကို ၉ မိုင်အိမ်မှာ မထားရဘူးပြောတယ်။အေးမော်စင်ကာပူ မလာခင်အဖေ အိမ်မှာ ၅နှစ်လောက်နေခဲ့တာကို မေ့နေတယ်-- အေးမော် ကပညာမတတ်ပေမဲ့ စိတ်သဘောထားကောင်းတယ်။ စကားပြောဆတ်တယ်။မှာထားရင်မှာ ထားတဲ့အတိုင်းလုပ်တတ်တယ်။ရိုးသားတယ်။ ဘာခိုင်းခိုင်းမညည်းမညူလုပ်တယ်။အားကိုးရသော တပည့်တစ်ယောက်ဖြစ်တယ်။ မိန်းမ ဖြစ်နေလို့သာအခုလိုသမုတ်ခံရတာပါ။ လူတစ်ဖက်သားဒုက္ခရောက်အောင်လုပ်ချင် တဲ့ စိတ်ဓါတ်မျိုးမရှိပါ။ ကံနိမ့်နေတဲ့အတွက် သူ ခမျာဒုက္ခရောက်ခဲ့ရတာပါ။ အဖေ စလုံးမှာ ဘယ်လိုမှ နေလို့မရပါ။ အမည်မဖေါ်လိုတဲ့ အကြားအမြင် တစ်ယောက်က ပြောတယ်။ ဦးမျိုးဦး အိမ်ထဲဝင်လာရင်စိတ္တဇဖြစ်မယ်။ အိမ်ပြင်ထွက်သွားရင်ကောင်းတယ်။ ဒါကြောင့် အိမ်ပြင်မှာ များများနေပါလို့ပြောတယ်။သူ့အကြားအမြင်ဆရာမကတောင်အဖေ က စိတ်ကဖြစ်နေတာပါလို့ ပြောတယ်။ဟုတ်ပါတယ်၊ အဖေစိတ္တဇ ဖြစ်နေတာပါ။ အင်မတန်ပြင်းထန်တဲ့ စိတ်ရောဂါ ပါ။အေးမော် ဆေးရုံကဆင်းပြီးအဖေအခန်းထဲမှာနေတုံးပြောဖြစ်ကြတယ်။နင်နဲ့ငါနဲ့ ဒီအိမ်မှာ ကံအနိမ့်ဆုံးပဲ။ ဖြစ်တဲ့ရောဂါ ခံစားရတဲ့ ရောဂါလည်းတူတယ်။တပြိုင်တည်းဖြစ်တတ်တယ်။ အခု နင်ဗိုက်ခွဲရပြီး ဗမာပြည်ပြန်သွားရင် ငါတစ်ယောက်ထဲကျန်နေမယ်။ ငါလည်းတစ်ခုခုဖြစ်လိမ့်မယ် ထင်တယ်ဆိုတဲ့ ဥပါဒါန်ကြောင့် ဥပါတ်ရောက်ခဲ့တာလားတော့မသိ ကျန်းမာရေးကတစ်ခုပြီးတစ်ခုဖြစ်လာလိုက်ပြီး ပိန်သွားလိုက်တာ waist 40 ကနေ36 ရောက်သွားလို့ ဘောင်းဘီတို ၂ ထည်ဝယ်ရသေးတယ်။

အဲဒီအကြားအမြင်ကပဲ အခုနေတဲ့ အိမ်ထဲမှာ ဂါဝန် ဝတ်ထားတဲ့ အသက် ၂၅ လောက်ရှိတဲ့မိန်းခလေး တစ်ယောက်ရှိနေတယ်။အစိမ်းသေ သေတဲ့အတွက်သူနေရာအစားထိုးချင်နေတယ်။ အေးမော်ဒုက္ခရောက်တာ သူ့စနက်လည်းပါနိုင်တယ်။ အိမ်ပြင်ကိုထုတ်ပါ။ အစါးနဲ့ ခေါ်ထုတ်သွားပါ။ လို့ပြောတယ်။ မယုံမှာစိုးလို့ပြောလည်းနားထောင်မှာမဟုတ်လို့ဘာ မှမပြောဘူး။ ပဌါန်းရွတ်ပြီးရင်တောင် အင်္ဂလိပ် လိုတိုးတိုးလေးအမျှပေးဝေရတယ်။

ဒါလည်းအရိပ်အမြွက်ပြောပြတော့ လုံးဝလက်မခံဘူး။သူအကြားအမြင်ဆရာမရဲ့ သဘောထားပဲသူယုံကြည်မှာဖြစ်တယ်--သူကတော့သူအိမ်ကိုလုပ်ထားတဲ့သူတွေကိုတန်ပြန်ဖို့ အဆောင်ယတြာစလုပ်တယ်-- လုပ်တဲ့အခါစေတနာကမကောင်ဘူး လို့ထင်တယ်-- ကိုယ်ဖါသာအညံ့တွေပျောက်ပြီးအကျိုးကျေးဇူးရှိတာတွေရောက်လာရင်တော်ပြီပေါ့--သူသဘောထားတွေသိလိုက်ရတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်--သူအတွက်ပါပဲ-အဖေဟာ ကိုယ့်ကို ကိုယ်စိတ်သဘောထားကောင်းကောင်းထားတတ်သူလို့ ခံယူထားပါတယ်--အကောင်းဘက်ကပဲရှုမြင်တတ်သူတစ်ယောက်ဖြစ်တယ်--,ဒါကြောင့်တနည်းမဟုတ်တနည်း ကူညီသူဟာပေါ်လာတတ်ပါတယ်--

Comments

Popular posts from this blog

အဖေအိုကြီးကျန်းမာရေးနဲ့စင်ကာပူ

မြေးတွေနဲ့မပျော်တော့ပါ

ငါဘာဖြစ်နေလဲ